Aphr public
[search 0]
More
Download the App!
show episodes
 
Artwork

1
ဗွီအိုအေ

ဗွီအိုအေ

Unsubscribe
Unsubscribe
Daily+
 
ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။
  continue reading
 
Artwork

1
EHRA Cardio Talk

European Heart Rhythm Association (EHRA)

Unsubscribe
Unsubscribe
Monthly
 
Keep the Rhythm - EHRA Cardio Talk The podcast series featuring key opinion leaders in electrophysiology and cardiac pacing tackling topics about EHRA papers, interviews of legends, and education. You can also be interested in other ESC podcasts: ESC Cardio Talk, HFA Cardio Talk and ESC TV Today. Check them out!
  continue reading
 
Loading …
show series
 
မြန်မာနိုင်ငံမှာ အတိုက်အခံ NLD ပါတီဝင်အများစုပါတဲ့ အရွေးကောက်ခံ လွှတ်တော်အမတ် ၇၄ ဦး ဖမ်းဆီးထောင်ချခံနေရတာ၊ တရားရင်ဆိုင်နေရသလို အများအပြားဟာလည်း ပြည်ပထွက်ပြေးနေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ရဲ့ ကြာသပတေးနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။By ဗွီအိုအေ
  continue reading
 
၂၀၂၄ ဧပြီလ ၃၀ မှာ သက်တမ်းကုန်ဆုံးတော့မယ့် အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုကို ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ကြောင်း ဥရောပကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။By ဗွီအိုအေ
  continue reading
 
ရုရှား ကာကွယ်ရေးဌာန စက်မှုလုပ်ငန်းအတွက် တရုတ်ရဲ့ အထောက်အပံ့ပေးမှုအပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အသေချာပြင်ဆင်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။By ဗွီအိုအေ
  continue reading
 
ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်နားက ရာဖာမြို့မှာ အစ္စရေး ထိုးစစ်ဆင်မယ့်အနေအထား ဖြစ်လာနေချိန်မှာပဲ အစ္စရေးနဲ့ ဟားမတ်စ်ကြား ညှိနှိုင်းမှုတွေ နောက်တချီ စတင်နိုင်အောင်ကြိုးစားဖို့ အီဂျစ်အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ဟာ အစ္စရေးကို သောကြာနေ့ သွားရောက်ပါတယ်။By ဗွီအိုအေ
  continue reading
 
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ မူဝါဒ ကျင့်ဝတ်တွေဟာ သတင်းသမားတွေရဲ့ လုံခြုံရေး၊ လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေတယ်လို့ သတင်းထောက်တွေကြား စိုးရိမ်နေပါတယ်။By ဗွီအိုအေ
  continue reading
 
ဗွီအိုအေမြန်မာနံနက်ခင်း (ဧပြီလ ၂၇ ရက်၊ ၂၀၂၄) - အစ္စရေး-ဟားမတ်စ်စေ့စပ်ရေး အီဂျစ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်၊ ရုရှားကို လက်နက်မထောက်ပံ့ဖို့ တရုတ်ကို ကန် နိုင်ငံခြားရေးဝန်ကြီးသတိပေး၊ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းအများအပြားအပေါ် EU ဒဏ်ခတ်မှု တနှစ်ထပ်တိုး.. စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ။By ဗွီအိုအေ
  continue reading
 
လာမယ့် ဧပြီလ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်တာမို့ သတိထားနေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ စံချိန်တင် အပူမြင့်တာတွေ ဖြစ်လာနိုင်တာမို့ နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာအပြင် မိုးကြိုးပစ်ခံရတာတွေ ရှိလာနိုင်တယ်လို့ သတိပေးပါတယ်။By ဗွီအိုအေ
  continue reading
 
ကရင်ပြည်နယ်၊ မြ၀တီ ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေအကြား မနေ့ ဧပြီလ ၂၅ ရက်ညက တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဘေးရှောင် ပြည်သူတွေဟာ နယ်ခြား သောင်ရင်းမြစ်အနီးကို ထွက်ပြေး လာကြရပါတယ်။By ဗွီအိုအေ
  continue reading
 
ရခိုင်တောင်ပိုင်းက သံတွဲနဲ့ တောင်ကုတ်ကြားမှာလည်း ၃ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေသလို အမ်းနဲ့ ဘူးသီးတောင် မောင်တောဘက်တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။By ဗွီအိုအေ
  continue reading
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ရိုက်နှက်ပြီး မြန်မာနိုင်ငံဘက် အနည်းဆုံး ၆ ကြိမ် အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အကြောင်း ဒေသအတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။By ဗွီအိုအေ
  continue reading
 
ယူကရိန်းနိုင်ငံရဲ့ အဓိက နျူကလီးယား စွမ်းအင်စက်ရုံကို ရုရှားက သိမ်းပိုက်ထားတာက နျူကလီးယား ဓါတ်ရောင်ခြည် ဘေးအန္တရာယ်ဆိုး ကျရောက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ဒီကနေ့ သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။By ဗွီအိုအေ
  continue reading
 
ရိုဟင်ဂျာ ဒုက္ခသည်အရေး ရေရှည် တည်တန့်တဲ့ အဖြေရှာ နိုင်အောင် ထိုင်းနိုင်ငံက ကူညီသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ကို လက်ခံကြိုဆိုတဲ့ အခမ်းအနားမှာ အခုလို ပြောဆိုသွားတာပါ။By ဗွီအိုအေ
  continue reading
 
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကာကွယ်ဆေးထိုးတဲ့နှုန်း ကျဆင်းလာခဲ့ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေ တိုးလာတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေ အဖွဲ့ UNICEF က ဒီကနေ့ သတိပေးထားပါတယ်။By ဗွီအိုအေ
  continue reading
 
မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၂ က ဝမ္မသူး ဆေးရုံကို ဧပြီ ၂၅ ရက်၊ မနေ့ည ၈ နာရီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ယာတွေလည်း မီးလောင် ပျက်စီးခဲ့ပါတယ်။By ဗွီအိုအေ
  continue reading
 
ကမ္ဘာ့စီးပွား အင်အားအကြီးဆုံး နိုင်ငံကြီး ၂ ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးမှာ သဘောထား ကွဲလွဲတာတွေရှိပေမဲ့လို့ နှစ်နိုင်ငံ ပြိုင်ဘက်တွေ ဖြစ်စရာမလိုဘဲ လက်တွဲဖက်နိုင်ငံတွေသာ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ Xi Jinping က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။By ဗွီအိုအေ
  continue reading
 
ဂါဇာမှာ ဟာမတ်စ်အဖွဲ့ ပြန်ပေးဆွဲဖမ်းဆီးတာ ခံထားရတဲ့သူတွေ အားလုံး ပြန်လည် လွတ်မြောက်လာဖို့အတွက် ကြိုးပမ်းနေတဲ့ အမေရိကန်နဲ့ နိုင်ငံပေါင်း တဒါဇင်ကျော်က ခေါင်းဆောင်တွေနဲ့အတူ တခြား ကမ္ဘာ့နိုင်ငံတွေ ကလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေက တောင်းဆိုလိုက်ပါတယ်။By ဗွီအိုအေ
  continue reading
 
ကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်သမ္မတနဲ့တွေ့၊ မင်းတပ် တိုက်နယ်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှု ၄ ဦး သေ၊ မြဝတီမှာ တိုက်ပွဲပြန်ဖြစ်၊ ရခိုင်တောင်ပိုင်း ၄ မြို့နယ်မှာ တိုက်ပွဲပြင်းထန် စတာတွေနဲ့ အပတ်စဉ် အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ တို့ကို တင်ဆက်ပေးထားပါတယ်။By ဗွီအိုအေ
  continue reading
 
စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့ဟာ ကြာသပတေးနေ့မှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင် ဝမ် ရှားဟုန် (Wang Xiaohong) နဲ့ ဘေဂျင်းမှာတွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာတရုတ်အစိုးရသတင်းဌာနက ဖေါ်ပြပါတယ်။By ဗွီအိုအေ
  continue reading
 
မွန်ကရင်နယ်စပ် ကော့ဘိန်းကျေးရွာကို ဧပြီ ၂၅ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်ပစ်ခတ်လို့ ရွာမှာလက်ကျန်ရှိနေတဲ့ ဒေသခံတွေ ထပ်မံထွက်ပြေးကြရပါတယ်။ ပစ်ခတ်မှုကြောင့် ထွက်ပြေးတဲ့ကျေးရွာသားတွေထဲက အမျိုးသမီးတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။By ဗွီအိုအေ
  continue reading
 
ရခိုင်ပြည်နယ်မှာ နှစ်ဘက်အသိုင်းအဝိုင်းက အပြစ်မဲ့ပြည်သူတွေကြား မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေမဖြစ်ရေး လိုလားကြောင်း NUG အစိုးရ ကပြောကြားလိုက်ပါတယ်။By ဗွီအိုအေ
  continue reading
 
စစ်ကောင်စီနဲ့ AA အာရက္ခတပ်တော်တို့ကြား ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေဟာ ပိုပြီး အန္တရာယ်ကြီးလာနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရဲ့ ပြောဆိုမှုအပေါ် AA ဘက်ကလက်မခံဘဲ အချက်အလက်မှားတွေဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။By ဗွီအိုအေ
  continue reading
 
ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေ ချက်ချင်းလွှတ်ပေးဖို့နဲ့ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်ကိုလက်ခံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။By ဗွီအိုအေ
  continue reading
 
ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ် ၃၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်ကပြောသလို ဂါဇာဆေးရုံတာဝန်ခံတွေကလည်း ဂါဇာတောင်ပိုင်း ရာဖါမြို့မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။By ဗွီအိုအေ
  continue reading
 
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၆၊ ၂၀၂၄)ဂါဇာထဲ ပစ်မှတ် ၃၀ကျော်ကို အစ္စရေးလေကြောင်းတိုက်ခိုက်၊ ဟာမတ်စ်ဖမ်းထားတဲ့ ဓါးစားခံတွေလွှတ်ပေးရေး ကန်နဲ့၁၇နိုင်ငံတိုက်တွန်း စတဲ့သတင်းတွေနဲ့ သတင်းသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။By ဗွီအိုအေ
  continue reading
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ နေရပ်ပြန်ချင်သူတွေ စာရင်းပေးသွင်းပြီး အိမ်ပြန်နိုင်ပြီလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားလာပေမယ့် ပြန်ရောက်ပြီးမှ နေအိမ်မီးလောင်ပြီး နေစရာမရှိတော့တဲ့ အဖြစ်နဲ့ ကြုံရသူတွေလည်း ရှိနေပါတယ်။By ဗွီအိုအေ
  continue reading
 
ဟားခါးမြို့၊​ မြို့သစ်ရပ်ကွက်က လူနေဆိုင်ခန်းတွေ ပိတ်ခိုင်းပြီး ဘုရားကျောင်းတွေမှာ ၅ ဦးထက် ပိုမစုဖို့ စစ်ကောင်စီကထုတ်ပြန်ထားတာကို ပြန်လည်ခွင့်ပြုပေးဖို့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။By ဗွီအိုအေ
  continue reading
 
ဒီနှစ်ဇန်နဝါရီလက ၁၀၂၇ စစ်ဆင်ရေး ရပ်ဆိုင်းခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတော့ပေမဲ့ ဒေသခံ ပြည်သူတွေဟာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။By ဗွီအိုအေ
  continue reading
 
အခု ပြန်ပို့လိုက်သူတွေထဲမှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ၂၆၁ ယောက်ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေ ဖြစ်တယ်လို့ Dhaka Tribune သတင်းက ဖော်ပြပါတယ်။By ဗွီအိုအေ
  continue reading
 
ဧပြီ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားတာကြောင့် သတိထား နေထိုင် သွားလာသင့်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်မိုးဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။By ဗွီအိုအေ
  continue reading
 
MNDAA စစ်သား ၁၀ ယောက်ကို အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်ဖို့ရည်ရွယ်ကြံစည်မှု စတာတွေအပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပြီး အများပြည်သူရှေ့မှာ တရားစီရင် သေဒဏ်ချမှတ်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့ပါတယ်။By ဗွီအိုအေ
  continue reading
 
စစ်ကိုင်းတိုင်း၊​ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို စစ်ကောင်စီတပ်တွေ ဧပြီလ ၁၉ ရက်နေ့က ဝင်ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အဘွားအိုတစ်ဦး သေဆုံးခဲ့ပါတယ်။By ဗွီအိုအေ
  continue reading
 
ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြမှုတွေ အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကြီးတွေမှာ ပိုပြီး ကျယ်ပြန့်လာတာနဲ့အတူ ဗုဒ္ဓဟူးနေ့က တချို့တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။By ဗွီအိုအေ
  continue reading
 
"အမေရိကန်နဲ့ တရုတ်ပြည်သူတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တာဝန်သိသိဆက်ဆံရေးထားရှိဖို့ ဝတ္တရားရှိကြောင်းနဲ့ ဒီတာဝန် ဝတ္တရားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို အလေးအနက်ထားပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ပြောကြားခဲ့တာဖြစ်ပါတယ်။By ဗွီအိုအေ
  continue reading
 
ကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံရောက်၊ ရာဇဝတ်မှုတွေ ကျူးလွန်သူ စစ်သား ၁၀ ယောက် MNDAA က သေဒဏ်ချမှတ်တဲ့အပေါ် EU အပြစ်တင်၊​မြန်မာနိုင်ငံသား ၂၈၈ ယောက်ကို ဘင်္ဂလားဒေရှ့် ပြန်ပို့ စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊​ ကျန်းမာရေး၊​ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးထားပါတယ်။​By ဗွီအိုအေ
  continue reading
 
ဧပြီ ၂၅၊ ၂၀၂၄ ။ အခုလို နွေရာသီ ရေရှားချိန်မှာ ဖြစ်တတ်တဲ့ မျက်ခမ်းစပ်ရောဂါက ဘယ်လိုကြောင့် ကူးစက်ခံရပြီး၊ ဘယ်ပုံ ကာကွယ် ကုသနိုင်ပါလဲ။By ဗွီအိုအေ
  continue reading
 
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၅၊၂၀၂၄)ယူကရိန်း အစ္စရေးနဲ့ ထိုင်ဝမ် စစ်အထောက်အပံ့ ကန်သမ္မတအတည်ပြု၊ "ရိုဟင်ဂျာတထောင်ကျော် အဓမ္မစစ်သားစုဆောင်းခံခဲ့ရ" ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အယ်ဒီတာဆွေးနွေးခန်း၊ Gen Z နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။By ဗွီအိုအေ
  continue reading
 
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ဖွင့်မပြောရဲအောင် နှုတ်ပိတ်ဖို့ အသက်ကိုရန်ရှာတဲ့ တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့နှစ်မှာ မကြုံစဖူး တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖေါ်ပြပါတယ်။By ဗွီအိုအေ
  continue reading
 
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာသားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြတာပါ။By ဗွီအိုအေ
  continue reading
 
လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာအက်ပ်တခုဖြစ်တဲ့ TikTok ကို မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ပိုင် ByteDance ကနေ ၉ လအတွင်း ခွဲထွက်ရင်ထွက် ဒါမှမဟုတ် အမေရိကန်ဈေးကွက်မှာ တားမြစ်မယ့် ဥပဒေကို အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့နှောင်းပိုင်းမှာ မဲခွဲအတည်ပြုလိုက်ပါတယ်။By ဗွီအိုအေ
  continue reading
 
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေပြေလည်ရေး အာဆီယံအဖွဲ့အတွင်းက အရေးပါတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံကို အဆိုပြုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။By ဗွီအိုအေ
  continue reading
 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မိုးမောက်မြို့မှာ စစ်ရေးတင်းမာနေတာပါ။By ဗွီအိုအေ
  continue reading
 
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ တရားဝင် အလုပ်လုပ်နိုင်ဖို့အတွက် နှစ်နိုင်ငံ နားလည်မှုစာချုပ် MoU လက်မှတ်ရေးထိုးလိုက်ကြောင်း မြန်မာ အလုပ်သမားရေးဌာနက ပြောပါတယ်။By ဗွီအိုအေ
  continue reading
 
မြန်မာ၊ ဆူဒန်နဲ့ အီသီယိုးပီးယားနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ တိုးပွားလာနေသလို၊ ဂါဇာနဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း နိုင်ငံတကာဥပဒေတွေ ပျက်ပြားလုနီးပါးဖြစ်နေတယ်လို့ (Amnesty International) က ဒီနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။By ဗွီအိုအေ
  continue reading
 
မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးဖို့ ထိုင်းအစိုးရအဆိုပြု၊ ယူကရိန်းနဲ့ ပြည်ပအကူအညီပေးရေး ဥပဒေကြမ်း ကန်အထက်လွှတ်တော်အတည်ပြု စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ GenZ မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။By ဗွီအိုအေ
  continue reading
 
ထိုင်း-မြန်မာ နယ်စပ်အချက်အချာကျတဲ့ မြဝတီမြို့ တိုက်ပွဲကို ပြည်တွင်းသာမက အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေကပါ အထိတ်တလန့်နဲ့ အာရုံစိုက်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ထိုင်းနိုင်ငံ ရပ်တည်ချက်က ဘယ်လို ရှိပါသလဲ။ အခုလောလောဆယ် အရှိန်လျော့သွားတယ်ဆိုပေမဲ့ ရှေ့အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။By ဗွီအိုအေ
  continue reading
 
အာဆီယံသဘောတူမျှချက် ၅ ချက်နဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အားထုတ်မှုတွေကို ဗီယက်နမ်နိုင်ငံက ထောက်ခံကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ပြောပါတယ်။By ဗွီအိုအေ
  continue reading
 
ဗြိတိန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ဒီဆယ်စုအကုန်မှာ တမျိုးသားလုံးထုတ်ကုန်တန်ဖိုး ရဲ့ ၂.၅ ရာနှုန်းအထိ တိုးမြှင့်မယ်လို့ ကြေညာလိုက်ပြီး ယူကရိန်းကို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ဖိုး စစ်ရေးအကူအညီပေးမယ်လို့ ပြောလိုက်ပါတယ်။By ဗွီအိုအေ
  continue reading
 
ရှေ့လထဲမှာကျရောက်မယ့် မလေးရှား ရေတပ်ရဲ့ နှစ် ၉၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအတွက် မြောက်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း ပျက်ကျတာလို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။By ဗွီအိုအေ
  continue reading
 
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပါဝင်တဲ့ မွန်ကရင်တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား မနေ့ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။By ဗွီအိုအေ
  continue reading
 
Loading …

Quick Reference Guide