ပြောင်းဖူးပဲစားရလို့ အရမ်းစိတ်ပျက်ခဲ့ရတယ်။
Manage episode 424038323 series 3578260
👨👩👧👨👩👧👦မရှိတာရှိအောင်ကြံဖန်ပြီး ချွေးတလုံးနဲ့ ပြောင်းဖူးပြုတ်ကို ကျွေးမွေးပေးတဲ့ ကျွန်တော့်အဖေနှင့်အမေ အတွက်😊😎
✍️🥣🥣ချင်းပြည်နယ်မှာဆိုရင် ဆာဗူသီးလို့ခေါ်တဲ့ ရိုးရာ အစားစာတစ်ခုရှိပါတယ်။ ဒီအစားအစာသည် နေရာဒေသအလိုက် အခေါ်အဝေါ်၊ ချက်ပြုနည်းတွေ များစွာရှိကြပါတယ်။ ထို့နည်းတူစွာ ကျွန်တော့်မွေးရပ်မြေမှာလည်း ဆာဗူသီးတစ်မျိုးဖြစ်တဲ့ Pathiyလို့ခေါ်တဲ့အစားအစာ တစ်မျိုးဆိုရှိပါတယ်။
✍️😎ဒီPathiy သည် ကျွန်တော်တို့ အတွက် ပုံမှန်အစားအစာပင်ဖြစ်ပြီး ငှင်းကိုချက်ပြုချင်လျှင် ပြောင်းဖူးအခွံခွားပြီး၊ အောင်လောက်လို့ခေါ်တဲ့ ပဲအဖြူတစ်မျိုး(သို့) ပဲရွက်၊ ပဲနီးတွေနဲ့ အတူတူ ပြုတ်ရပါတယ် ။
✍️🥘🥘 ဘာလို့ဒီကြမ်းတမ်းတဲ့အစားစာတွေကိုစားခဲ့ရတာလဲဆိုတော့ ဆင်းရဲလို့ဆိုပြီးယူဆရမှာပါ။ သို့သော် ဒီပြောင်းဖူးပြုတ်သည် ကျွန်တော်တို့ ဘိုး၊ဘွားတွေရဲ ကြိုးစားရုံးကန်ခဲ့ရမှု၊ ပေးစပ်မှု၊ ဓလေ့ဌာနေတစ်ခုဖြစ်ပြီး အမှတ်ရစေသော ဘုရားပေးတဲ့ အသက်အစာပင်ဖြစ်ပါတယ်။ ဒီလိုစားခဲ့ကြရလို့ ဂုဏ်မကြသလို့၊ အသက်ကျန်းမာရေးလည်းကောင်းမွန်ပြီးသန်မာတဲ့ လူမျိုးနွယ်တွေပင်ဖြစ်ကြရပါတယ်။
✍️🍲🍲 ကျွန်တော့်အတွေ့အကြုံအရဆိုရင် ဒီပြောင်းဖူးပြုတ်ကို စားနိုင်အောင် ကျွေးမွေးပေးခဲ့သော မိဘနှစ်ပါးကို ဂုဏ်ယူပြီး ဒီကနေ့ သူတို့ကို သားရဲ့ သူရဲကောင်းများဟု ရဲ၀န်းစွာ သားခေါ်၀ေါ်ဂါ၀ါရပြု ပါတယ်။ ဆန်များများမစားရခဲ့ရသော်လည်း လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေးပေးသော ကျေးဇူးရှင်မိဘနှစ်ပါးကို သားတောင်းပန်ပါရစေ။ သား တန်ဖို့မထားခဲ့ဘူး၊ စိတ်တိုစိတ်ဆိုးပြီး၊ ကျေးဇူးကမ်းခဲ့ပါတယ်။ အိမ်မှာ လတ်လတ်စပ်စပ် ချက်ပြုပေးတဲ့ အဖေ့ ေချွး၊ အမေ့လက်ရာ ပြောင်းဖူးပြုတ်ကို သားမစားချင်လို့ သူများအိမ်မာ ၀င်တောင်းစားခဲဖူးပါတယ်။ ဒါတွေအားလုံးက သား အသားအမြင်မမှန်ခဲ့လို့ပါဖေဖေနှင့် မေမေရေ..။
😍👨👦ကျေးဇူးပါဖေဖေ နေပူ၊ မိုးရွာမရှောင် သားတို့အတွက် ပေါက်တူးတစ်လက်၊ ချွေးတစ်ပေါက်ပေါက်နှင့် မြေကြီးနှင့် တစ်ပေကွာအောင်ကုံးပြီး စိုက်ပျိုးခဲ့သော စိုက်ပျိုးသီးနှံတွေအားလုံး က ဒီနေ့သားအတွက် ခွန်အား၊ ကျန်းမာခြင်းတွေဖြစ်ပါတယ်။ ပြောင်းဖူးပြုတ်ဆိုပေမယ့်လည်း ကမ္ဘာကျော်အားဆေးတွေသောက်စရှာမလိုအောင် ခွန်အားရှိပြီး စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ပါ အဖေရယ်။။။။။
😍👩👦ကျေးဇူးပါမေမေရေ။ နေ့စဥ်၊ ညတိုင်း နားငြီးခံ စိတ်ရှယ်ပြီး သားတို့စားရဖို့ ပြောင်းဖူးခြောက်ကို တစ်နာရှိကြာအောင် အားစိုက်ပြီးထုံး၊ မကြာမကြာ ကလေးငယ်ကိုနိုးတိုက်၊ ထမင်းအိုးကိုလည်း မီးမတူးအောင်သွားသွားကြီးပြီး ပင်ပန်းခဲ့တာအမေပါ။ စာရွက်စာတမ်းပေါ်မှာ အမေ့ကျေးဇူးကို သားအသိအမှတ်ပြုစရာမလိုပါဘူး၊သို့သော် သားရင်ထဲမှာ တက်တူးထိုးထားရသလို အမေ့စေတနာကို ဖျက်ပစ်၊ မေ့ပစ်လို့မရအောင်၊ သားရာသက်ပန် အသိအမှတ်ပြုထားပါတယ်။ သားစိတ်မပူရဘူးအမေရယ်၊ ကျေးဇူးတင်ပါတယ်မေမေ။
Listen on 🎧
https://open.spotify.com/episode/6wAQ6sjBYJlEgcJO2riKFG?si=4eZ68z79Rk2-t4H3aSx0uw
Watch on ▶️
https://youtu.be/mbNoSsNMgls?si=iDacxh5LOawyBOs5
🤭🔈bymatt,sj.
😎✍️bymatt,sj.
#hesa
#hesapodcast
#ဆာဗူသီး
#ချင်း
#podcast
5 episodes