အမဲလိုက်တာကြိုက်တဲ့ကျွန်တော်တို့ကျေးရွာ
Manage episode 424277528 series 3578260
အမဲလိုက်တာကြိုက်တဲ့ကျွန်တော်တို့ကျေးရွာ
ချင်းရိုးရာဓလေ့များ သိကောင်းစရာ
ချင်းရိုးရာဓလေ့ထုံးဆန်တစ်ခုဖြစ်တဲ့ တောလိုက်ခြင်း (သို့) အမဲလိုက်ခြင်းကို သိကြမယ်ထင်ပါတယ်။
ဒီဓလေ့က ဘိုး၊ဘေး၊ဘီ၊ဘင်၊စဥ်စက်ကလုပ်ဆောင်ခဲ့သော ချင်းအမျိုးသားတွေတိုင်းရဲ့ ရဲရင့်မှု၊စွမ်းရည်တွေကို တိုမီးသေနတ်တစ်လက်နှင့် ပြသတဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားတွေရဲ့ အိမ်ပေါ်တက်လို့ရှိရင် အိမ်ရှေ့နံရံတွေပေါ်မှာ တောတိရိစ္ဆာန်တွေရဲ့ ဦးခေါင်းတွေ ချိတ်ထားတွေ့ရပါလိမ့်မယ်။ အလှချိတ်ထားသလို ဖြစ်ပေမယ့် ချင်းလူမျိုးတစ်ဦးအနေဖြင့် ဒီလိုအကောင်တွေရဲ့ ဦးခေါင်းခြောက်တွေချိတ်ထားရခြင်းဓိပ္ပယ်ကို ကျွန်တော်တို့ နားလည်ဖို့လိုပါတယ် ။ တောတိရိစ္ဆာန်ဦးခေါင်းခြောက်တွေ ချိတ်ထားရခြင်းက ချင်းအမျိုးသား ဖခင်တစ်ဦးရဲ့ စွမ်းရည်၊ သတ္တိ၊ လက်ရုံးရည် နှင့် ဘိုး၊ဘေ၊ဘီ၊ဘင်တွေရဲ့ နေ့စဥ်စားဝတ်နေရေးပြေလည်အောင်ကြိုးစားရုံးကန်လာပုံကိုလည်း သတိရစေပါတယ်။
သို့သော် သမိုင်းနှင့်ရိုးရာရှုထောင့်ဘက်ကနေပဲ အဓိပ္ပယ်ဖွင့်ဆိုလို့မရပါဘူး။ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်နှင့်တောတိရိစ္တာန်တွေရဲ့ အခွင့်အရေးကိုလည်း ထည့်သွင်းစဥ်းစားဖို့လိုပါတယ်။ ဒီလိုတောလိုက်ခြင်း၊အမဲလိုက်ခြင်းဓလေ့က ကောင်းပေးမယ့် သတိတရားနှင့် အသိပညာကင်းမဲ့လာလျှင် ကျွန်တော်တို့ လုပ်ဆောင်သမျှသည် သဘာဝပတ်ဝန်းကျင်နှင့်သဘာဝသာယံဇာတတွေကို မသိမသာဖျက်စည်းနေတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ သို့သော်သတိမူပြီး သင့်သော်သလို အသုံးပြုတတ်လို့ရှိရင် ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေအားလုံးဟာ ကျွန်တော်တို့အတွက် ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ရှားပါးတဲ့ ရတနာတွေဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ တောလိုက်ခြင်း၊ အမဲလိုက်ခြင်းရဲ့ ကောင်းကျိုးနှင့်ဆိုးကျိုးတွေကို သိဖို့လိုပါလိမ့်မည်။
ကောင်းကျိုးများ
၁။ စည်းလုံးညီညွှတ်မှု ( ချင်းအမျိုးသားတိုင်း တက်ညီ၊လက်ညီ ပါဝင်ကြပြီး သားကောင်တွေတူတူရှာဖွယ်စားသောက်ခြင်း)
၂။ တန်းတူအခွင့်အရေး ( တိုမီးသေနတ် ကိုင်ဆောင်သူနှင့်၊ မကိုင်ဆောင်သူများ ထပ်တူဝေမျှ စားသောက်ကြခြင်း)
၃။ လတ်စပ်သော သဘာသားကောင်များ စားသုံးနိုင်ခြင်း
၄။ ကိုယ်ကျိုးစည်းပွားရှာဖွေနိုင်ခြင်း
၅။ လွတ်လပ်စွာစားသုံးနိုင်ခြင်း
ဆိုးကျိုးများ
၁။ အသက်အန္တရယ်ရှိခြင်း(တိုမီးသေနတ်ကိုင်ဆောင်ထားခြင်း)
၂။ တောတိရိစ္ဆာန်ကောင်ရေ ရော့နည်းလာခြင်း(အသက်အရွယ် မခွဲခြားဘဲ ကြုံသမျှသတ်ဖျက်ခြင်း)
၃။ တောတိရိစ္ဆာန်အခွင့်အရေးချိုးဖောက်လာခြင်း
၄။ အလွန်အကျွန်သတ်ဖျက်လာခြင်း
၅။ ရာသီအကန့်အသတ်မရှိ၊ အမဲလိုက်ခြင်းနှင့်၊ တိရိစ္ဆာန်အခြေနေအကြောင်းမသိဘဲ သတ်ဖျက်ခြင်း
ဒီအထက်ပါဖော်ြပချက်တွေအားလုံးက ကျွန်တော်ရဲ့လေ့လာမှုသတ်သတ်သာဖြစ်ပါတယ်။
ဒီလိုဆိုးကျိုးများကို ကျူးလွန်ပြီလို့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ယူစလာမိလာလျှင် ကျွန်တော်ကို ပြန်လည် သုံးသတ်စဥ်ခြင်သင့်ပြီ မိတ်ဆွေ။
၁။ တောတိရိစ္ဆာန်တွေ သတ်ဖျက်တိုင်း ဘာရည်ရွယ်ချက်နဲ့ သတ်ဖျက်တာလဲ။
၂။ လုပ်ရပ်တိုင်းမှာ လိပ်ပြာလုံရဲ့လာ။
၃။ တောတိရိစ္ဆာန်တွေက ကျွန်တော်တို့လို ဖန်ဆင်းခြင်းခံရတဲ့ သက်ရှိသတ္တဝါတွေဆိုတာ သတိထားမိပါသလား မိတ်ဆွေ။
5 episodes